သစ်ရွက်ကမ္ဘာ

Just another WordPress.com weblog

ကျွန်တော့ ဘ၀ရဲ့ မီးအိမ်ရှင် ! December 10, 2010

Filed under: တွေးမိတွေးရာ — tawtharkonyi @ 3:14 am

ကျွန်ုပ်…..။
ကျွန်ုပ်လူ့လောကထဲသို့ ရောက်ရှိခဲ့သည်မှာအတော်ပင်ကြာခဲ့လေပြီ..။

အချစ်…..။
အချစ်ဆိုရော အရာနှင့် မကြာခဏ ခလုပ်တိုက်ခဲ့ဖူးပါ၏..။

၂၀၀၉ ခုနှစ် ဂျွန်လ ၁၀ ရက်နေ့ ညနေ ၆ နာရီ ၁၈ မိနစ်ခန့် ။

ဆူးတွေအပြည့်ခင်းထားသောလမ်းဟုထင်မိပါသည်..မှုန်ပြပြ
အလင်းတစ်ခုက ထိုလမ်းမပေါ်မှာ ခပ်ရေးရေး ထင်ရှားစေလို့ 
ဒါဏ်ရာများနှင့်လူသားတစ်ယောက် ယိုင်နဲ့ နဲ့ အတွေးတွေချီ
ပွေ့ ရင်းနဲ့  မျှော်လင့်ချက် အားအင်တွေ ကုန်ဆုံးနေသလို လို
အဆိပ်ပြင်းတဲ့ဆူး ချွန်ထက်လှတဲ့ ခလုပ်တွေရဲ့ဒဏ် မာယာ
တွေနဲ့ ပြည့်နေတဲ့ စကားလုံးတွေရဲ့အောက်မှာ အလူးအလဲနဲ့ 
အတ္တတွေနဲ့ ပြည့်နေတဲ့သူတို့ ရဲ့ပျော်ရွှင်မှုမီးအိမ်အတွက် နှလုံး
သားနဲ့ မီးညှိပေးခဲ့တယ် ဒါပေမဲ့ ကျွန်တော်ခံစားချက်တွေရဲ့
မနက်ဖြန်ဆိုတာ သူတို့ အတွေးထဲမှာ ရှိမနေခဲ့တာအသေချာပဲ။

မှားယွင်းမှုတွေနဲ့ အသားကျခဲ့တဲ့ကျွန်တော်နှလုံးသားကတော့
မလှမပနဲ့ ပေါ့ သတ်ပုံအလွဲ၊သဒ္ဒါအကွဲနဲ့ အချစ်ကို ထုဆစ်ခဲ့
မိတယ် သာမန်ရည်မှန်းချက်တွေနဲ့ ကျွန်တော့်ရဲ့ဘယ်ဘက်ရင်
အုံကတော့ အသက်ငင်နေတုံးပေါ့ ….

နှင်းမည်းမည်းတွေကျတဲ့ည က မကောင်းဆိုးရွားထက်တော့
သာမှာပေါ့ ကျွန်တော်ရဲ့ ပထမခြေလှမ်း ….

ငါ့ရဲ့ခြေလှမ်းမှာအရောင်တွေတောက်လို့ ပါလား…………..

အယူဆတွေ အထပ်ထပ်ချိုးဖျက် ရိုးသားခြင်းတွေ အတိအ
လင်းဝတ်ဆင်လို့ ကျွန်တော်ခြေလှမ်း မညိုးနွမ်းပါဘူး..ဖောက်
ဖောက်ကြည့်စရာ နောင်တတွေများလွန်းတော့လဲ ယုံကြည်
ချက်တွေကတော့ ဖရိုဖရဲနဲ့ ပေါ့ ဦးနှောက်နဲ့ နှလုံးသားကလဲ
ထပ်တူမကျနိုင်တော့ တွေဝေခြင်းတွေနဲ့ ရူးသွပ်မှုတွေ ဆိုတဲ့
အစွန်နှစ်ဘက်မှာ လျှစ်လှူရှုရင်း ရှေ့ဆက်ခဲ့တယ် ပျော်ရွှင်စွာ
ဖြတ်သန်းစီးမျောခဲ့တဲ့ အဖြူရောင်နေ့ ရက်တွေကိုလွမ်းဆွတ်
ရင်း ကျွန်တော်ကိုယ်တိုင် အပစ်မကင်းမှတော့ ကျွန်တော်ရဲ့
ရနံ့ ဟာသင်းရဲ့လား အနံ့ ကင်းတဲ့စကားလုံးတွေခင်းကျင်းပြ
သဖို့ ကျွန်တော့်ရဲ့ ရိုးသားမှုဟာလုံလောက်ရဲ့လား ရာသီအကူး
ပြောင်းမှာ မျှော်လင့်ချက်တွေသေဆုံးတိုင်း ကျွန်တော်အပြုံး
တွေခဏခဏပျောက်ဆုံးတာ ဘယ်သူ့ ကိုမှ ပြောမပြဖြစ်ဘူး။
သူတို့ ရဲ့စုတ်ချက်တွေ သိပ်ပျင်းလွန်းတော့ ကျွန်တော့်ရဲ့ပန်းချီ
ကားနာကျင်နေပါပြီ ငါ့မျက်လုံးတွေေ၀၀ါးလို့ ငါ့နှလုံးသားတွေ
လဲခြောက်ခြားကုန်ပါပြီ ဥပဒေမဲ့အလွမ်းတွေယောင်ကိုင်းလို့ 
အလွမ်းကဗျာတွေလဲ တစ်ပုဒ်ပြီးတစ်ပုဒ် စပ်လို့ နှလုံးသားက
အနီးမှုန်နေတော့ ကာရံတွေလဲ လွဲကုန်ပါပြီ။ ဆရာဇော်ဂျီက
အလွမ်းကဗျာတွေ မရေးခဲ့ပါဘူး။ သူ့ ကိုလဲငါသိဖို့ မလိုပါဘူး။
ငါ့နောက်ကျောက ဒါဏ်ရာ ဗလပွကတော့ အတ္တဆူးတွေ
ကြောင့်ဖြစ်မှာပါ ငါ့ရဲ့ရင်ဘတ်ထဲက ရှုပ်ပွနေတဲ့ စကားလုံးတွေ
ကိုအဓိပ္ပါယ်ဖော်နိုင်ဖို့ ထောက်စဖို့ အဘိဓ္ဓါန်စာအုပ်ကြီးကလဲ
ကူညီနိုင်မှာမဟုတ်ပါဘူး။ ခရီးပန်းလာတဲ့ ရင်ဘတ်အောင့်
ဝေဒနာကတော့ လက်ဝဲဘက် ရင်အုံမှာ မင်းမူဆဲပဲ………

ကဲ ငါရှေ့ဆက်ရအုံးမှာပါလား

အော်.. တစ်ယောက်ထဲရန်ဖြစ်ရတာနဲ့ နေ၀င်သွားတာတောင်
မသိလိုက်ဘူး..ကြယ်တွေလင်း လက်နေတဲ့ကောင်းကင်ကြီး
ကိုအားနာလိုက်တာ…….

ဟော….

ဟိုရှေ့မှာ မီးအိမ်လေး မထိန်တထိန်နဲ့ အိမ်လေးတစ်လုံး ငါသွား
ရင်ကောင်းမလား ပြေလျှော့နေတဲ့ခံနိုင်ရည်တွေကို သံပတ်
ပေးရင်း ကျွန်တော်ခြေလှမ်းတွေစလိုက်တယ်……………..

ဖွင့်ထားတဲ့အိမ် တံခါးရဲ့ အပေါက်ဝမှာ နွေးထွေးစွာကြိုဆိုပါတယ်
ဆိုတဲ့စာတန်း ချိတ်ဆွဲမထားပေမဲ့ နွေးထွေးမှု အငွေ့ အသက်ကို
စတင်ခံစား လိုက်ရတယ် ၀င်ခွင့်ပြုပါ မတောင်းဆိုခဲပေမဲ့ ရိုးသား
တဲ့အပြုံးတပွင့်က အေးချမ်းစေခဲ့တယ် စိတ်ဓါတ်တွေအဆိပ်တက်
နေတဲ့ ကျွန်တော့်အတွက် ခံစားချက်တွေ နူးညံ့စေခဲ့တယ်။

ရွှေဝါရောင် ကကြိုးကွက်တွေနဲ့ လင်းလက်နေတဲ့ မနက်ခင်း
နိုးထချိန်တိုင်းမှာ ကျွန်တော်အတွက်လက်ဆောင်ပေးခဲ့တယ်။
နေ၀င်သွားတဲ့ ညနေခင်းတိုင်းဟာလဲ သာယာစေခဲ့တယ် ။
နေ့ စွဲတိုင်းဟာ အမြဲလိုလိုပြောင်းလဲနေပေမဲ့ တိုက်ခတ်နေတဲ့
လေပြေတွေထဲမှာ အနံ့ ကင်းစင်တဲ့ရသတစ်ခု ခံစားမိတယ်။
ကျွန်တော်ရောက်နေတဲ့ သူ ရင်ဘတ်လေးထဲက နှလုံးသားအိမ်
လေးမှာ ကျွန်တော်တစ်ယောက်ပဲရှိတယ် အခွန်မကောက်ဘူး၊
မီးပွိုင့်မဆောက်ဘူး၊ ဗီဇာမလိုဘူး၊ သံယောဇဉ် အနွေးမေတ္တာ
တွေနဲ့ ပြည့်နေတဲ့ ဒီရင်ခွင် ဒီလောက်ခမ်းနားနေလိမ့်မယ်လို့ 
မထင်ခဲ့မိဘူး။

ကျေးဇူးတင်ပါတယ်……..မ

 

ချစ်သူရေ July 20, 2010

Filed under: Uncategorized — tawtharkonyi @ 2:41 pm

ငါ့ရင်ကိုခွဲပြီး

အသဲကိုရေစိမ်လိုက်လို့ 

ငါ့နှလုံးသားလေးမွန်းကြပ်ပြီး

ထွက်လာတဲ့စကားလေးတခွန်းက

မင်းအတွက်ပါ

“I love you”

But (ဒါပေမဲ့)

ငါ့ရဲ့ချစ်တတ်တဲ့

နှလုံးသားကို အခွင့်ကောင်းယူချင်တဲ့

မင်းအတွက် စကားတခွန်းပြောဖို့ ကျန်သေးတယ်

“ချစ်တယ်ဆိုတဲ့စကားတခွန်းနဲ့ 

ငါ့ကိုသတ်မသွားပါနဲ”့

“I’ll be die” (ငါသေလိမ့်မယ်)

And (ပြီးတော့)

သံသယတွေနဲ့ ကြည့်နေတဲ့

မင်းရဲ့မျက်လုံးတစ်စုံကို

ခဏပိတ်ပေးထားပါ…

“You know, How much I love you?”

 

“မင်းကိုမုန်းဖို့ ရင်ဘတ် ငါ့မှာ မရှိခဲ့ဘူး” July 19, 2010

Filed under: တွေးမိတွေးရာ — tawtharkonyi @ 7:20 pm

ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်ချစ်သူတွေဖြစ်ခဲ့ကြတယ်
အဲလိုနဲ့ ကောင်မလေး  မွေးနေ့ ရောက်တော့ ကောင်မလေးက ကောင်လေးကို
မွေးနေ့ လက်ဆောင်တောင်းတယ် …။ ကောင်မလေး တောင်းတဲ့မွေးနေ့ လက်
ဆောင်က ခပ်ဆန်းဆန်းလေးပါ .. သူ့ ရဲ့မွေးနေ့ အနေနဲ့ ကောင်လေးရဲ့ရင်ဘတ်
ထဲက သူ့ အတွက် အမုန်းတွေ အကုန်တောင်းသွားတယ်… …..   တနေ့ တော့
ကောင်မလေးက  နောက်ထပ်ကောင်လေးတစ်ယောက်ကို ပြောင်းချစ်မိသွား
တယ် ..။ကောင်လေးက တော်တော်ခံစားခဲ့ရတာပေါ့…သစ္စာ မဲ့လွန်းတဲ့ချစ်သူ
အတွက် ရင်နာခဲ့ရတယ်..။ကောင်မလေးကို ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းတွေ
အကြိမ်ပေါင်းများစွားအတွက် တုန့် ပြန်မှူမရခဲ့ဘူး..။ရင်နဲ့ အမျှ ပေးဆပ်ချစ်ခဲ့တဲ့
အချစ်တွေ အကြောင်းပြချက်မရှိပဲ လျှစ်လျှူရှု အစော်ကားခံခဲ့ရတယ်..။
နင့်လိုသစ္စာမရှိတဲ့ မိန်းမ ငါမုန်းပစ်လိုက်မယ်….အော် မေ့နေလိုက်တာ
သူ့ ကိုငါမုန်းခွင့်မရှိတော့ဘူး….ငါ့ရင်ဘတ်ထဲက အမုန်းတွေသူ့ အတွက် ပေးခဲ့
ပြီးပြီပ
ဲ”..။

 

စက်ရုပ်လိုနေ March 26, 2010

Filed under: ပေါက်ကရ ကဗျာလေးတွေ — tawtharkonyi @ 4:18 pm

*ဦးနှောက်ပါ၍ ၊ မှား၏မှန်၏ ၊ သိသာသိလျှက်

စက်ရုပ်လိုနေ…

*မျက်စိပါ၍ ၊ မြင်သာမြင်၏ ၊ ကြည့်နေမိလျှက်

စက်ရုပ်လိုနေ…

*နားတို့ ပါ၍ ၊ ကြားသာကြား၏ ၊ နားထောင်မိလျှက်

စက်ရုပ်လိုနေ…

*နှလုံးသားပါ၍ ၊ ချစ်တတ်မုန်းတတ် ခံစားတတ်ပြန်

သံပါတ်ထိန်းချုပ် ၊ စက်ရုပ်ဖြစ်လျှက် ဘာလို့ စက်ရုပ်လိုမနေတာပါလိမ့်…ငါဆောင့်ကန်လိုက်ရ….:P

 

တမ်းချင်း…..သို့  January 25, 2010

Filed under: ပေါက်ကရ ကဗျာလေးတွေ — tawtharkonyi @ 6:44 pm

လွမ်းစရာကောင်းတဲ့ဘ၀မှာ

ငိုကျွေးခွင့်လဲမရှိဘူး

နုတ်ဆက်ခြင်းကင်းတဲ့

ခွဲခွာမှူကတော့

မုန်းဖို့ ကောင်းတယ်

အရိပ်ကိုခိုပြီးမှ

အပင်ကိုသတ်သွားခဲတာတောင်

ကျေးဇူးတင်ချင်နေတဲ့ကောင်ပါ

တကယ်လို့ များ မင်းရဲ့ကောင်းကင်ပြိုလဲလို့ 

နားစရာ နေရာ မရှိတော့ရင်

ငါ့ဆီပြန်ပြီးခိုဝင်လှည့်ပါ

ငါကြိုနေတယ်

တံခါးမရှိပေမယ့်

နှလုံးသားအစုံကို ဖွင့်လို့ ပေါ့…………….။။။။။။

 

သိခြင်း မသိခြင်း January 25, 2010

Filed under: ပေါက်ကရ ကဗျာလေးတွေ — tawtharkonyi @ 5:59 pm

မင်းနဲ့ ငါ ချစ်နေခဲ့တာ
လျှို့ဝှက် ချက်ကိုယ်စီနဲ့ 
ချစ်သူ
မင်းရဲ့လျှို့ဝှက်ချက်က
မင်းက ငါ့ကိုတကယ်မချစ်ဘူး
ငါသိခဲ့တယ်
ဒါပေမဲ့ချစ်သူ
ငါ့ရဲ့လျှို့ဝှက်ချက်ကို
မင်း မသိခဲ့ပါဘူး
မင်း မချစ်မှန်း သိလျက်နဲ့ 
ချစ်နေခဲ့ တာကိုပေါ့….။

 

ကျွန်တော်နှင့်မတည့်သော….. January 12, 2010

Filed under: တွေးမိတွေးရာ — tawtharkonyi @ 10:38 pm

အနားယူထားတာလဲ လနဲ့ ချီနေပြီဆိုတော့ စာလေးဘာလေး     လုပ်အုံးမှပါပဲလေ ဆိုပြီးတော့ စာအုပ်

လေးကောက်ဖွင့်လိုက်တယ် အဲဒီချိန်မှာပဲ တောင်ဆိုတက်လာတယ် chat box က “ညီလေးမှာ မုန်လာဥနီ ၀ယ်ပြီးသားရှိလား” တဲ့ “ဟုတ်ကဲ့ အကို ရှိတယ်”  ပေါ့ “အင်း ညီလေး အကို လာယူအုံးမယ်” တဲ့ ဆိုတော့ သူက အကြီးဆိုတော့ လာယူလို့ ဘယ်ကောင်းမလဲ သွားပေးလိုက်တာပဲ

ကောင်းပါတယ် “ကျွန်တော်လာပေးမယ် အကို ခဏလေး” ဆိုပြီး သွားပေးလိုက်တယ် အဲဒီမှာ စကားလေးဘာလေးပြောလိုက်တာ ၁၅ မိနစ်လောက်တော့ကြာတာပေါ့ ပြီးတော့ စာဆက်ကြည့်မယ်ဆိုပြီး ပြန်ထိုင်လိုက်တယ် အမှန်တော့ ဆက်ကြည့်တာမဟုတ်ပါဘူး တစ်လုံးမှကို မကြည့်ရသေးတာပါ အဲဒါနဲ့ ပြန်ထိုင်တော့ စာအုပ်လေး ဒုတိယ အကြိမ်ပြန်ဖွင့်လိုက်တယ် “ဟိတ်ကောင်   ဟိုနေ့ က   မင်းကြည့်တဲ့ကားလေး  ရှယ်လိုက်စမ်းပါ” တဲ့ ဟိုဘက်ခန်းက သူငယ်ချင်း

တစ် ယောက်က “အင်း ဘယ်ကားလဲ” ဟိုနေ့ ကကြည့်တဲ့ကားတွေက အများကြီးကို ရုပ်ရှင်သာကြည့်

တာ ရုပ်ရှင်နာမည်တွေ  မမှတ်ထားတတ်တာဆိုတော့   ဘယ်ကားကိုပြောမှန်းမသိဘူး အဲဒါနဲ့ မင်းဘာ

သာ လာရှာတော့ဆိုပြီးတော့ ကွန်ပြုတာရှေ့ကနေ ထပေးလိုက်တယ် သူပြောတဲ့ကားတွေရော မဆိုင်တာတွေရော ရှာလိုက်တာ နာရီဝက်နီးပါလောက် မွှေသွားတယ် သူထသွားတော့မှ စာ ပြန်လုပ်လိုက်ပါအုံးမယ်ဆိုပြီး တတိယ အကြိမ်စာအုပ်လေး ပြန်လှန်လိုက်တယ်  အဲဒီအချိန်မှာပဲ ခြေထောက်က အငြိမ်မနေဘူး အောက်က မီးခလုတ်ကို သွားကန်လိုက်တော့ ကွန်ပြူတာ    ပိတ်သွား

ရော ကွန်ပြူတာ မဖွင့်ထားရင်စာလုပ်လို့ က အဆင်ပြေဘူးလေ ဘာသာပြန်တာက ကွန်ပြူတာက မသိတဲ့စာလုံးလေးတွေ ရှာပေးတာ ဆိုတော့ ကွန်ပြူတာ ပြန်ဖွင့်လိုက်တယ် သိပ်မစောင့်ရပါဘူး ၁ မိနစ် လောက်ပဲစောင့်ရတာပါ ကွန်ပြူတာ ပြန်ဖွင့်ပြီးတော့ အင်တာနက်ချိတ် ဂျီမေးတွေ ဘာတွေပြန်ဝင်ရတာပေါ့ ပြီးတော့ စာအုပ်လေးဆီမျက်စိလေးရောက်ရုံပဲရှိသေးတယ် “ဟီးဟီး ဟားဟား” နဲ့ ဟိုဘက်စက်က ရီနေတယ် “ဘာတုံးဟ ဟိတ်ကောင်ဘာတွေရီနေတာတုံး” ဆိုမေးတော့ “လာကြည့်လာကြည့်” တဲ့ဆိုလို့ သွားကြည့်လိုက်တယ် အံမယ် ဟုတ်တယ်ဗျ လူဦးနှောက်ထည့်ပေးထားတဲ့ မျောက်ဝံက ဆပ်ကပြနေတာ   ကြည့်ကောင်းကောင်းနဲ့ ဆက်ကြည့်နေ

လိုက်တယ် ပြီးတော့ Shakira သီချင်းကို ကလေးလေး တစ်ယောက် မျက်နှာပြောင်ပြီး က တာလဲ ကြည့်ပြီးရီနေလိုက်သေးတယ်  စာပွဲပေါ်က  စာအုပ်လေးကတော့   မျက်နှာငယ်လေးနဲ့  နေရှာရော့ပေါ့

စာကြည့်စာပွဲကိုပြန်လာပြီးတော့ ဒီတစ်ခါတော့ ဘာဖြစ်ဖြစ် ဘယ်သူဘာပြောပြော စိတ်မ၀င်စားတော့ဘူး စာပဲလုပ်တော့မယ် ဂျီမေးပါ အောက်လိုက်တာကောင်းပါတယ် ဆို အောက်လိုက်တယ် ပြီးတော့ စာအုပ်လေးအာရုံစိုက်လိုက်တဲ့ခဏလေးမှာပဲ ၀ီးရောင် ၀ီးရောင် ဆို ဖုန်းက ထအော်ပါလေတော့တယ် “ဟလို အကိုပြော” ဆက်တဲ့သူက Ph.D တက်နေတဲ့ အကိုကြီးဆိုတော့ “အေးညီလေး ကို ဒီမှာ ဟော့ပေါ့လုပ်ထားတယ် လာခဲ့” ဆိုတော့ အကြီးက တကူးတက ခေါ်တာဆိုတော့ ငြင်းလို့ မကောင်းဘူးလေ “ဟုတ် အကို ကျွန်တော် ရေချိုးပြီးတက်လာခဲ့လိုက်မယ်လေ  အေးညီလေး ဒီနေ့ ဦးထွဋ်တိုက်မယ်လို့ ပြောတယ် VAT 69  တိုက်မယ်တဲ့ ဆိုလို့ ဟော့ပေါ့လုပ်လိုက်တာညီလေး မြန်မြန်လာခဲ့  ဟုတ် အကို” ဆိုပြီး လှန်ထားတဲ့စာအုပ်လေး ပိတ်လိုက်ပါတယ် ပြီးတော့ နဂိုကယူခဲ့တဲ့ စာအုပ်စင်လေးပေါ်မှာ စနစ်တကျ ပြန်ထားလိုက်ပါတယ် …..မင်းက ငါနဲ့ မှ မတည့်တာ ………………….

 

This is ဘ၀! December 30, 2009

Filed under: ပေါက်ကရ ကဗျာလေးတွေ — tawtharkonyi @ 8:53 pm

တီတီတာတာစကားစပြောနေတဲ့ လမ်းလျောက်တတ်စ နှစ်ပြည့်ကလေးတစ်ယောက်ရဲ့ဖြူစင်မှုဟာ မိခင်ဝမ်းထဲက သန္ဓေသားလောင်းရဲ့ဖြူစင်မှုကို မီပါမလား ။ ။

ချိုချဉ်စပ်ခါးရသစုံပါတဲ့ ဘ၀စွပ်ပြုတ်တစ်ပန်းကန်ရဖို့  တိုးဝှေ့ တန်းစီနေတဲ့ လူတစ်ယောက်ရဲ့ဘ၀ဟာ ငယ်ငယ်က ထမင်းဖြူဖြူ ဟင်းပူပူကို အသင့်လက်ဆေးစားခဲ့တဲ့ဘ၀လောက် ချောမွေ့ နေပါမလား ။ ။

ထမင်းစားဖို့ အသက်ရှင်တာလား ၊ အသက်ရှင်ဖို့ ထမင်းစားတာလား ဆိုတဲ့ကာရန်မညီတဲ့တွေးတွေကြောင့် သော့ပျောက်လို့ စိတ်ထွက်ပေါက်ပိတ်နေတဲ့ လူတစ်ယောက်ရဲ့ဘ၀ဟာ ဦးပုညရဲ့ ရေသည်ပြဇာတ်ကို ၇ အိမ်ကြား ၈ အိမ်ကြား မျက်စိမှိတ်ပြီးအော်ဆိုခဲ့တဲ့ဘ၀လောက် လွယ်ကူပါ့မလား ။ ။

ပန်ထွာဘုရင်မကိုယ်လုံးနဲ့  ကလီယိုပက်ထရာအပြုံးရှိတဲ့ မိန်းမတစ်ယောက်ရဲ့လှပသေသပ်တဲ့ကောက်ကြောင်းကို အဖွားအိုတစ်ယောက်က ခံစားပေးနိုင်ပါ့မလား ။ ။

ဂုဏ် အရှိန်အ၀ါ ရာထူး လုပ်ပိုင်ခွင့်တွေအတွက် လူတွေဟာ ရိုးသားမှုကို နှလုံးသားထဲမှာ စနစ်တကျ အပြီးတိုင်မြေမြုပ်သဂြိုလ်လိုက်ကြတယ် ။ ။

အမှန်တရားကိုငွေနဲ့  discount ပေးလိုက်ရတဲ့အခါ သစ္စာတရားဟာ စတိုးဆိုင်တစ်ခုရဲ့ ဗီရိုထဲက ဖုန်တက်နေတဲ့ အရောင်းထိုင်းပစ္စည်းတစ်ခုဖြစ်လာတယ် ။ ။

တစ်ခါတစ်လေ ကိုယ်ဘာလိုချင်တယ်ဆိုတာကို သေချာမသိဘဲ ကိုယ်ရရှိတဲ့အရာတွေကို လွှင့်ပစ်လိုက်ကြတယ်။

ဒီလိုနဲ့  ကိုယ်နဲ့ ထိုက်တန်တဲ့အခွင့်ရေးတွေဟာ ကိုယ်ဘေးက၀မ်းနည်းစွာဖြတ်ကျော်သွားတာကို အေးဆေးစွာ မျက်နှာလွှဲလိုက်ကြတယ် ။ ။

ကြီးကျယ်မြင့်မြတ်တဲ့ ရည်မှန်းချက်တွေရှေ့မှာ ဒူးထောက်ခစားရင်း စိတ်ဓာတ်အင်အားတွေ ပျက်စီးလာတယ် ။ ။

ပန်းတိုင်မရောက်ခင် ခြေထိုးခံလိုက်ရတဲ့အခါ ဘာသာတရားနဲ့  ပျော်ရွှင်မှုကို တောင့်တလာတယ် ။ ။

ပြေးလမ်းပေါ်မှာ မောကြီးပန်းကြီး ပြေးလွှားရှာဖွေရင်း နောက်ဆုံးတော့လဲကျသွားတာပါဘဲ ။ ။

 

ကျွန်တော်နဲ့ မိတ္တူစက်ကြီး December 30, 2009

Filed under: တွေးမိတွေးရာ — tawtharkonyi @ 5:24 am

သူငယ်ချင်းတစ်ယောက်တင်ထားတဲ့စာလေးဖတ်လိုက်ရတယ် ဘာတဲ့ လူမိုက်တွေလိမ်မာဖို့ အတွက်

လောကနီတိ ဆိုတာထားခဲ့တာတဲ့ လူလိမ်မာတွေ မိုက်ဖို့ အတွက်တော့ ဘယ်အရပ် ဘယ်ဌာ နက

ပညာရှိတွေကမှ မတိုက်တွန်းမဆုံးမခဲ့ပါဘူးတဲ့ ဒါကြောင့်လူမိုက်တွေလိမ်မာဖို့ မလွယ်သလို လူလိမ်မာတွေမိုက်ဖို့ ကြ အရမ်းလွယ်လွန်းကြသတဲ့ဗျာ….ကျွန်တော်ရော ကျွန်တော့်အတွက်လောက နီတိလိုသလား ?? အင်း စဉ်းစား…… ကျွန်တော် လူမိုက်လား လူမိုက်စာရင်းတော့ မ၀င်လောက်သေးပါဘူးလေ  ……………………………

အဲ ကျွန်တော်ငယ်ငယ်က ကျောင်းလမ်းကဒေါင့်မှာ မိတ္တူဆွဲ တဲ့ဆိုင်လေးတစ်ဆိုင်တော့မှတ်မိပါရဲ့ အဲဒီဆိုင်က မိတ္တူစက်ကြီးပေါ့ ကြောင်တောင်တောင်နဲ့ဘယ်ကနေရှာဝယ်ထားသလဲမသိပါဘူး ဆိုင်ရှင်က သူဖတ်ချင်တာကြဖတ်သဗျ စာလုံးလေးတွေကစ လိုချင်တဲ့ပုံစံလေးတွေ အတိအကျ အဲ သူမဖတ်ချင်တာကြတော့ မဖတ်ဘူးဗျ… ထုထောင်းရိုက်နေလဲ ဒီပုံစံပဲထွက်လာတယ် ပြင်ရတာလဲ ခဏခဏ …..ခုတော့မြို့ ကိုပြန်ရောက်တော့ တွေ့ လိုက်ရပါတယ် ကျွန်တော်တို့ အချစ်တော်ကြီး ချောင်ထဲမှာရောက်နေလေရဲ့ အင်း ပိုက်ဆံနဲ့ ပေးဝယ်ထားရတာ သုံးမရတော့လို  သာချောင်ထဲပို့ ထား

ထားလိုက်ရတာပေါ့ သုံးလို့ ရရင်ချောင်ထဲဘယ်ပို့ မလဲ နော်……..

ကျွန်တော်ရော ………. ကျွန်တော်ကလား အဲဒီမိတ္တူစက်ကြီးလိုပါပဲ ကိုယ်ကူးချင်တဲ့ဟာကူးတယ် မကူးချင်တာကြ မကူးဘူးဗျာ ကူးချင်တာကူးတဲ့ထဲမှာ ကူးသင့်တာတွေပါသလို မကူးသင့်တာတွေလဲ များသား အဲဒီလိုနဲ့ နှစ်ပေါင်းတော်တော်ကြာကြာနေလာခဲ့တာ ကူးသင့်တာတွေ မကူးမိပဲ မကူးသင့်တာတွေ အရေးမပါတာတွေ ကူးနေမိတာ ဘယ်လောက်တောင်များနေပြီလဲ ……အင်း …….ချောင်ထဲတော့ရောက်တော့မှာပဲ …..

 

ပါးကွက်သား December 25, 2009

Filed under: ပေါက်ကရ ကဗျာလေးတွေ — tawtharkonyi @ 10:47 am

အရှင်…
အမိန့်ပေးပါ…
တောင်စွယ်နေကွယ်တော့မယ်…
လက်တစ်ကမ်းမှာ
ပြာရီရီဝိဥာဉ်တွေ စောင့်ကြိုလို့
ခရီးတစ်ခုစဖို့ စိတ်ရှည်လက်ရှည်
စောင့်နေလေရဲ့။

အရှင်…
အမိန့်ပေးပါ
ရဲဆေးအရှိန်တွေပြယ်တော့မယ်…
ချွန်မြနေတဲ့ ဓားနဲ့အတူ
“ဝှီး”ကနဲနေအောင် လွှဲနေကျလက်တွေ
ဒီတစ်ခါ အေးစက်တောင့်တင်းနေလေရဲ့။

အရှင်…
အမိန့်ပေးပါ
လရောင်တောင်ပြူတော့မယ်…
နှလုံးသားကို ဆွဲချမယ့်ကြိုးပေါ်မှာ
အနီရောင်လိပ်ပြာတစ်ကောင်
နားနေလေရဲ့။

အရှင်…
အမိန့်ပေးပါ
ညဉ့်ငှက်တွေ အစာရှာထွက်တော့မယ်…
ကိုယ့်ကိုမြှုပ်နှံမယ့် ဂူနားက
ညမွှေးပန်းတွေတောင်
မွှေးထုံနေလေရဲ့။

 

 
Follow

Get every new post delivered to your Inbox.