သစ်ရွက်ကမ္ဘာ

Just another WordPress.com weblog

This is ဘ၀! December 30, 2009

Filed under: ပေါက်ကရ ကဗျာလေးတွေ — tawtharkonyi @ 8:53 pm

တီတီတာတာစကားစပြောနေတဲ့ လမ်းလျောက်တတ်စ နှစ်ပြည့်ကလေးတစ်ယောက်ရဲ့ဖြူစင်မှုဟာ မိခင်ဝမ်းထဲက သန္ဓေသားလောင်းရဲ့ဖြူစင်မှုကို မီပါမလား ။ ။

ချိုချဉ်စပ်ခါးရသစုံပါတဲ့ ဘ၀စွပ်ပြုတ်တစ်ပန်းကန်ရဖို့  တိုးဝှေ့ တန်းစီနေတဲ့ လူတစ်ယောက်ရဲ့ဘ၀ဟာ ငယ်ငယ်က ထမင်းဖြူဖြူ ဟင်းပူပူကို အသင့်လက်ဆေးစားခဲ့တဲ့ဘ၀လောက် ချောမွေ့ နေပါမလား ။ ။

ထမင်းစားဖို့ အသက်ရှင်တာလား ၊ အသက်ရှင်ဖို့ ထမင်းစားတာလား ဆိုတဲ့ကာရန်မညီတဲ့တွေးတွေကြောင့် သော့ပျောက်လို့ စိတ်ထွက်ပေါက်ပိတ်နေတဲ့ လူတစ်ယောက်ရဲ့ဘ၀ဟာ ဦးပုညရဲ့ ရေသည်ပြဇာတ်ကို ၇ အိမ်ကြား ၈ အိမ်ကြား မျက်စိမှိတ်ပြီးအော်ဆိုခဲ့တဲ့ဘ၀လောက် လွယ်ကူပါ့မလား ။ ။

ပန်ထွာဘုရင်မကိုယ်လုံးနဲ့  ကလီယိုပက်ထရာအပြုံးရှိတဲ့ မိန်းမတစ်ယောက်ရဲ့လှပသေသပ်တဲ့ကောက်ကြောင်းကို အဖွားအိုတစ်ယောက်က ခံစားပေးနိုင်ပါ့မလား ။ ။

ဂုဏ် အရှိန်အ၀ါ ရာထူး လုပ်ပိုင်ခွင့်တွေအတွက် လူတွေဟာ ရိုးသားမှုကို နှလုံးသားထဲမှာ စနစ်တကျ အပြီးတိုင်မြေမြုပ်သဂြိုလ်လိုက်ကြတယ် ။ ။

အမှန်တရားကိုငွေနဲ့  discount ပေးလိုက်ရတဲ့အခါ သစ္စာတရားဟာ စတိုးဆိုင်တစ်ခုရဲ့ ဗီရိုထဲက ဖုန်တက်နေတဲ့ အရောင်းထိုင်းပစ္စည်းတစ်ခုဖြစ်လာတယ် ။ ။

တစ်ခါတစ်လေ ကိုယ်ဘာလိုချင်တယ်ဆိုတာကို သေချာမသိဘဲ ကိုယ်ရရှိတဲ့အရာတွေကို လွှင့်ပစ်လိုက်ကြတယ်။

ဒီလိုနဲ့  ကိုယ်နဲ့ ထိုက်တန်တဲ့အခွင့်ရေးတွေဟာ ကိုယ်ဘေးက၀မ်းနည်းစွာဖြတ်ကျော်သွားတာကို အေးဆေးစွာ မျက်နှာလွှဲလိုက်ကြတယ် ။ ။

ကြီးကျယ်မြင့်မြတ်တဲ့ ရည်မှန်းချက်တွေရှေ့မှာ ဒူးထောက်ခစားရင်း စိတ်ဓာတ်အင်အားတွေ ပျက်စီးလာတယ် ။ ။

ပန်းတိုင်မရောက်ခင် ခြေထိုးခံလိုက်ရတဲ့အခါ ဘာသာတရားနဲ့  ပျော်ရွှင်မှုကို တောင့်တလာတယ် ။ ။

ပြေးလမ်းပေါ်မှာ မောကြီးပန်းကြီး ပြေးလွှားရှာဖွေရင်း နောက်ဆုံးတော့လဲကျသွားတာပါဘဲ ။ ။

 

ကျွန်တော်နဲ့ မိတ္တူစက်ကြီး December 30, 2009

Filed under: တွေးမိတွေးရာ — tawtharkonyi @ 5:24 am

သူငယ်ချင်းတစ်ယောက်တင်ထားတဲ့စာလေးဖတ်လိုက်ရတယ် ဘာတဲ့ လူမိုက်တွေလိမ်မာဖို့ အတွက်

လောကနီတိ ဆိုတာထားခဲ့တာတဲ့ လူလိမ်မာတွေ မိုက်ဖို့ အတွက်တော့ ဘယ်အရပ် ဘယ်ဌာ နက

ပညာရှိတွေကမှ မတိုက်တွန်းမဆုံးမခဲ့ပါဘူးတဲ့ ဒါကြောင့်လူမိုက်တွေလိမ်မာဖို့ မလွယ်သလို လူလိမ်မာတွေမိုက်ဖို့ ကြ အရမ်းလွယ်လွန်းကြသတဲ့ဗျာ….ကျွန်တော်ရော ကျွန်တော့်အတွက်လောက နီတိလိုသလား ?? အင်း စဉ်းစား…… ကျွန်တော် လူမိုက်လား လူမိုက်စာရင်းတော့ မ၀င်လောက်သေးပါဘူးလေ  ……………………………

အဲ ကျွန်တော်ငယ်ငယ်က ကျောင်းလမ်းကဒေါင့်မှာ မိတ္တူဆွဲ တဲ့ဆိုင်လေးတစ်ဆိုင်တော့မှတ်မိပါရဲ့ အဲဒီဆိုင်က မိတ္တူစက်ကြီးပေါ့ ကြောင်တောင်တောင်နဲ့ဘယ်ကနေရှာဝယ်ထားသလဲမသိပါဘူး ဆိုင်ရှင်က သူဖတ်ချင်တာကြဖတ်သဗျ စာလုံးလေးတွေကစ လိုချင်တဲ့ပုံစံလေးတွေ အတိအကျ အဲ သူမဖတ်ချင်တာကြတော့ မဖတ်ဘူးဗျ… ထုထောင်းရိုက်နေလဲ ဒီပုံစံပဲထွက်လာတယ် ပြင်ရတာလဲ ခဏခဏ …..ခုတော့မြို့ ကိုပြန်ရောက်တော့ တွေ့ လိုက်ရပါတယ် ကျွန်တော်တို့ အချစ်တော်ကြီး ချောင်ထဲမှာရောက်နေလေရဲ့ အင်း ပိုက်ဆံနဲ့ ပေးဝယ်ထားရတာ သုံးမရတော့လို  သာချောင်ထဲပို့ ထား

ထားလိုက်ရတာပေါ့ သုံးလို့ ရရင်ချောင်ထဲဘယ်ပို့ မလဲ နော်……..

ကျွန်တော်ရော ………. ကျွန်တော်ကလား အဲဒီမိတ္တူစက်ကြီးလိုပါပဲ ကိုယ်ကူးချင်တဲ့ဟာကူးတယ် မကူးချင်တာကြ မကူးဘူးဗျာ ကူးချင်တာကူးတဲ့ထဲမှာ ကူးသင့်တာတွေပါသလို မကူးသင့်တာတွေလဲ များသား အဲဒီလိုနဲ့ နှစ်ပေါင်းတော်တော်ကြာကြာနေလာခဲ့တာ ကူးသင့်တာတွေ မကူးမိပဲ မကူးသင့်တာတွေ အရေးမပါတာတွေ ကူးနေမိတာ ဘယ်လောက်တောင်များနေပြီလဲ ……အင်း …….ချောင်ထဲတော့ရောက်တော့မှာပဲ …..

 

ပါးကွက်သား December 25, 2009

Filed under: ပေါက်ကရ ကဗျာလေးတွေ — tawtharkonyi @ 10:47 am

အရှင်…
အမိန့်ပေးပါ…
တောင်စွယ်နေကွယ်တော့မယ်…
လက်တစ်ကမ်းမှာ
ပြာရီရီဝိဥာဉ်တွေ စောင့်ကြိုလို့
ခရီးတစ်ခုစဖို့ စိတ်ရှည်လက်ရှည်
စောင့်နေလေရဲ့။

အရှင်…
အမိန့်ပေးပါ
ရဲဆေးအရှိန်တွေပြယ်တော့မယ်…
ချွန်မြနေတဲ့ ဓားနဲ့အတူ
“ဝှီး”ကနဲနေအောင် လွှဲနေကျလက်တွေ
ဒီတစ်ခါ အေးစက်တောင့်တင်းနေလေရဲ့။

အရှင်…
အမိန့်ပေးပါ
လရောင်တောင်ပြူတော့မယ်…
နှလုံးသားကို ဆွဲချမယ့်ကြိုးပေါ်မှာ
အနီရောင်လိပ်ပြာတစ်ကောင်
နားနေလေရဲ့။

အရှင်…
အမိန့်ပေးပါ
ညဉ့်ငှက်တွေ အစာရှာထွက်တော့မယ်…
ကိုယ့်ကိုမြှုပ်နှံမယ့် ဂူနားက
ညမွှေးပန်းတွေတောင်
မွှေးထုံနေလေရဲ့။

 

တောသား December 22, 2009

Filed under: Uncategorized — tawtharkonyi @ 6:41 pm

ကျွန်တော် တောသားတစ်ယောက် စာရေးတတ်ပါသည်  သို့ သော် စာရေးဆရာ တစ်ယေက်တော့မဟုတ်ပါ…

စာရေးရတာ  လွယ်သားလို့ မေးရင် လွန်းထားထားတို့ မောင်လှမျိုးတို့        တာရာမင်းဝေ(မေးလို့ မရနိုင်တော့ပါ)တို့ 

ချစ်ဦးညိုတို့ ကတော့ လွယ်တယ်လို့ ပြောရင်ပြောမှာပေါ့

ကျွန်တော်အတွက်ကတော့ မလွယ်ပါ…။တချို့ ဘလောဂ့်တွေမှာ တွေ့ ဖူးပါတယ် သူ့ အပိုင်းလေးနဲ့ 

သူခွဲထားတာပေါ့ ကဗျာဆို ကဗျာ ဆောင်းပါဆို ဆောင်းပါး ခွဲထားကြတာမျိုးလေးတွေ တွေ့ ဖူးပါရဲ့

ကျွန်တော်က ဆောင်းပါနဲ့ ဝတ္တုတိုတောင် ကွဲကွဲပြားပြားသိ သည်မဟုတ်ပါ..။သို့ ပေသော်လဲ စာပေ

ကိုမြတ်နိုးတဲ့လူငယ် တောသားလေး တစ်ယောက် ခုချိန်ကစလို့ ရင်ဖွင့်ပါမယ်…..စာပေဆိုတာ အနု

ပညာ တမျိုးလို့ ယူဆထားတဲ့ကျွန်တော် စာပေတွေကိုလေ့လာဖြစ်ပါတယ်(ကျောင်းစာမပါ) ဖတ်ချင်

တဲ့စာ အကုန်ဖတ်ပါတယ် တချို့ အတင်းလာပေးပြီးတော့ ဖတ်ခိုင်းတဲ့ဘလောဂ့် တွေရောပေါ့လေ..:P

ကျွန်တော်လဲ အဲလိုလုပ်မှာပါ…အော် ကိုရေးတဲ့စာဆိုတော့လဲ ဖတ်စေချင်တာပေါ့ ဟီးဟီးး

အင်း………အနုပညာရှင်ဆိုတာ ကိုယ်ဖန်တီးတဲ့ အနုပညာကို သူတပါးကိုခံစားခိုင်းရတာ သဘာဝပါ

ကိုယ်ဖန်တီး ထားတဲ့အနုပညာကို ကိုယ်ကိုတိုင်ခံစားရတဲ့အနုပညာရှင် ဆိုတာရှားတယ်လေ

(ကျွန်တော်ကိုယ် ကျွန်တော်အနုပညာရှင်လို့ ဆိုလိုသည်မဟုတ်ပါ) ကိုယ့်ဟာကိုသာ သဘောပေါက်

လိုက်တော်မူကြပါ…:P  ပျော်ပျော်နေတတ်တဲ့ကျွန်တော် လာလည်တဲ့သူရော လာမလည်တဲ့သူ(မပါ)

ရော ပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်းနဲ့ ကိုယ့်ဘလောဂ့်ကိုယ် ဖွင့်လှစ် လိုက်ပါတယ်ဗျာ

ချီးးးးးးးးးးယားးးးးးးးးးးးးးးးးးး……………………………………………………:P

 

တောသား December 22, 2009

Filed under: အပျော်ပေါ့ — tawtharkonyi @ 1:44 pm

သူငယ်ချင်းတို့ ရေ ….. တောသားလေးတစ်ယောက် ပျင်းလို့ ပါ .. မရီကြနဲ့ နော် ….:P

 

 
Follow

Get every new post delivered to your Inbox.