သူငယ်ချင်းတစ်ယောက်တင်ထားတဲ့စာလေးဖတ်လိုက်ရတယ် ဘာတဲ့ လူမိုက်တွေလိမ်မာဖို့ အတွက်
လောကနီတိ ဆိုတာထားခဲ့တာတဲ့ လူလိမ်မာတွေ မိုက်ဖို့ အတွက်တော့ ဘယ်အရပ် ဘယ်ဌာ နက
ပညာရှိတွေကမှ မတိုက်တွန်းမဆုံးမခဲ့ပါဘူးတဲ့ ဒါကြောင့်လူမိုက်တွေလိမ်မာဖို့ မလွယ်သလို လူလိမ်မာတွေမိုက်ဖို့ ကြ အရမ်းလွယ်လွန်းကြသတဲ့ဗျာ….ကျွန်တော်ရော ကျွန်တော့်အတွက်လောက နီတိလိုသလား ?? အင်း စဉ်းစား…… ကျွန်တော် လူမိုက်လား လူမိုက်စာရင်းတော့ မ၀င်လောက်သေးပါဘူးလေ ……………………………
အဲ ကျွန်တော်ငယ်ငယ်က ကျောင်းလမ်းကဒေါင့်မှာ မိတ္တူဆွဲ တဲ့ဆိုင်လေးတစ်ဆိုင်တော့မှတ်မိပါရဲ့ အဲဒီဆိုင်က မိတ္တူစက်ကြီးပေါ့ ကြောင်တောင်တောင်နဲ့ဘယ်ကနေရှာဝယ်ထားသလဲမသိပါဘူး ဆိုင်ရှင်က သူဖတ်ချင်တာကြဖတ်သဗျ စာလုံးလေးတွေကစ လိုချင်တဲ့ပုံစံလေးတွေ အတိအကျ အဲ သူမဖတ်ချင်တာကြတော့ မဖတ်ဘူးဗျ… ထုထောင်းရိုက်နေလဲ ဒီပုံစံပဲထွက်လာတယ် ပြင်ရတာလဲ ခဏခဏ …..ခုတော့မြို့ ကိုပြန်ရောက်တော့ တွေ့ လိုက်ရပါတယ် ကျွန်တော်တို့ အချစ်တော်ကြီး ချောင်ထဲမှာရောက်နေလေရဲ့ အင်း ပိုက်ဆံနဲ့ ပေးဝယ်ထားရတာ သုံးမရတော့လို သာချောင်ထဲပို့ ထား
ထားလိုက်ရတာပေါ့ သုံးလို့ ရရင်ချောင်ထဲဘယ်ပို့ မလဲ နော်……..
ကျွန်တော်ရော ………. ကျွန်တော်ကလား အဲဒီမိတ္တူစက်ကြီးလိုပါပဲ ကိုယ်ကူးချင်တဲ့ဟာကူးတယ် မကူးချင်တာကြ မကူးဘူးဗျာ ကူးချင်တာကူးတဲ့ထဲမှာ ကူးသင့်တာတွေပါသလို မကူးသင့်တာတွေလဲ များသား အဲဒီလိုနဲ့ နှစ်ပေါင်းတော်တော်ကြာကြာနေလာခဲ့တာ ကူးသင့်တာတွေ မကူးမိပဲ မကူးသင့်တာတွေ အရေးမပါတာတွေ ကူးနေမိတာ ဘယ်လောက်တောင်များနေပြီလဲ ……အင်း …….ချောင်ထဲတော့ရောက်တော့မှာပဲ …..
ကိုယ်တို့ကတော့ ရောက်နေပြီ
idea တွေ လန်းတယ်….