တီတီတာတာစကားစပြောနေတဲ့ လမ်းလျောက်တတ်စ နှစ်ပြည့်ကလေးတစ်ယောက်ရဲ့ဖြူစင်မှုဟာ မိခင်ဝမ်းထဲက သန္ဓေသားလောင်းရဲ့ဖြူစင်မှုကို မီပါမလား ။ ။
ချိုချဉ်စပ်ခါးရသစုံပါတဲ့ ဘ၀စွပ်ပြုတ်တစ်ပန်းကန်ရဖို့  တိုးဝှေ့ တန်းစီနေတဲ့ လူတစ်ယောက်ရဲ့ဘ၀ဟာ ငယ်ငယ်က ထမင်းဖြူဖြူ ဟင်းပူပူကို အသင့်လက်ဆေးစားခဲ့တဲ့ဘ၀လောက် ချောမွေ့ နေပါမလား ။ ။
ထမင်းစားဖို့ အသက်ရှင်တာလား ၊ အသက်ရှင်ဖို့ ထမင်းစားတာလား ဆိုတဲ့ကာရန်မညီတဲ့တွေးတွေကြောင့် သော့ပျောက်လို့ စိတ်ထွက်ပေါက်ပိတ်နေတဲ့ လူတစ်ယောက်ရဲ့ဘ၀ဟာ ဦးပုညရဲ့ ရေသည်ပြဇာတ်ကို ၇ အိမ်ကြား ၈ အိမ်ကြား မျက်စိမှိတ်ပြီးအော်ဆိုခဲ့တဲ့ဘ၀လောက် လွယ်ကူပါ့မလား ။ ။
ပန်ထွာဘုရင်မကိုယ်လုံးနဲ့  ကလီယိုပက်ထရာအပြုံးရှိတဲ့ မိန်းမတစ်ယောက်ရဲ့လှပသေသပ်တဲ့ကောက်ကြောင်းကို အဖွားအိုတစ်ယောက်က ခံစားပေးနိုင်ပါ့မလား ။ ။
ဂုဏ် အရှိန်အ၀ါ ရာထူး လုပ်ပိုင်ခွင့်တွေအတွက် လူတွေဟာ ရိုးသားမှုကို နှလုံးသားထဲမှာ စနစ်တကျ အပြီးတိုင်မြေမြုပ်သဂြိုလ်လိုက်ကြတယ် ။ ။
အမှန်တရားကိုငွေနဲ့  discount ပေးလိုက်ရတဲ့အခါ သစ္စာတရားဟာ စတိုးဆိုင်တစ်ခုရဲ့ ဗီရိုထဲက ဖုန်တက်နေတဲ့ အရောင်းထိုင်းပစ္စည်းတစ်ခုဖြစ်လာတယ် ။ ။
တစ်ခါတစ်လေ ကိုယ်ဘာလိုချင်တယ်ဆိုတာကို သေချာမသိဘဲ ကိုယ်ရရှိတဲ့အရာတွေကို လွှင့်ပစ်လိုက်ကြတယ်။
ဒီလိုနဲ့  ကိုယ်နဲ့ ထိုက်တန်တဲ့အခွင့်ရေးတွေဟာ ကိုယ်ဘေးက၀မ်းနည်းစွာဖြတ်ကျော်သွားတာကို အေးဆေးစွာ မျက်နှာလွှဲလိုက်ကြတယ် ။ ။
ကြီးကျယ်မြင့်မြတ်တဲ့ ရည်မှန်းချက်တွေရှေ့မှာ ဒူးထောက်ခစားရင်း စိတ်ဓာတ်အင်အားတွေ ပျက်စီးလာတယ် ။ ။
ပန်းတိုင်မရောက်ခင် ခြေထိုးခံလိုက်ရတဲ့အခါ ဘာသာတရားနဲ့  ပျော်ရွှင်မှုကို တောင့်တလာတယ် ။ ။
ပြေးလမ်းပေါ်မှာ မောကြီးပန်းကြီး ပြေးလွှားရှာဖွေရင်း နောက်ဆုံးတော့လဲကျသွားတာပါဘဲ ။ ။
အဲ မိုက်တယ် တကယ်
အမက အဲလိုမျိုးတွေရေးတတ်ချင်တာ
အက်ဆေးလေ အမမရေးတတ်ဘူး….
ကီးကျယ်မြင့်မြတ်တဲ့ ရည်မှန်းချက်တွေရှေ့မှာ ဒူးထောက်ခစားရင်း စိတ်ဓာတ်အင်အားတွေ ပျက်စီးလာတယ် ။ ။
မှန်လိုက်တာ…..
ပန်းတိုင်မရောက်ခင် ခြေထိုးခံလိုက်ရတဲ့အခါ ဘာသာတရားနဲ့  ပျော်ရွှင်မှုကို တောင့်တလာတယ် ။ ။
ငါလဲအဲလိုဖြစ်နေတယ်။