အနားယူထားတာလဲ လနဲ့ ချီနေပြီဆိုတော့ စာလေးဘာလေး လုပ်အုံးမှပါပဲလေ ဆိုပြီးတော့ စာအုပ်
လေးကောက်ဖွင့်လိုက်တယ် အဲဒီချိန်မှာပဲ တောင်ဆိုတက်လာတယ် chat box က “ညီလေးမှာ မုန်လာဥနီ ၀ယ်ပြီးသားရှိလား” တဲ့ “ဟုတ်ကဲ့ အကို ရှိတယ်” ပေါ့ “အင်း ညီလေး အကို လာယူအုံးမယ်” တဲ့ ဆိုတော့ သူက အကြီးဆိုတော့ လာယူလို့ ဘယ်ကောင်းမလဲ သွားပေးလိုက်တာပဲ
ကောင်းပါတယ် “ကျွန်တော်လာပေးမယ် အကို ခဏလေး” ဆိုပြီး သွားပေးလိုက်တယ် အဲဒီမှာ စကားလေးဘာလေးပြောလိုက်တာ ၁၅ မိနစ်လောက်တော့ကြာတာပေါ့ ပြီးတော့ စာဆက်ကြည့်မယ်ဆိုပြီး ပြန်ထိုင်လိုက်တယ် အမှန်တော့ ဆက်ကြည့်တာမဟုတ်ပါဘူး တစ်လုံးမှကို မကြည့်ရသေးတာပါ အဲဒါနဲ့ ပြန်ထိုင်တော့ စာအုပ်လေး ဒုတိယ အကြိမ်ပြန်ဖွင့်လိုက်တယ် “ဟိတ်ကောင် ဟိုနေ့ က မင်းကြည့်တဲ့ကားလေး ရှယ်လိုက်စမ်းပါ” တဲ့ ဟိုဘက်ခန်းက သူငယ်ချင်း
တစ် ယောက်က “အင်း ဘယ်ကားလဲ” ဟိုနေ့ ကကြည့်တဲ့ကားတွေက အများကြီးကို ရုပ်ရှင်သာကြည့်
တာ ရုပ်ရှင်နာမည်တွေ မမှတ်ထားတတ်တာဆိုတော့ ဘယ်ကားကိုပြောမှန်းမသိဘူး အဲဒါနဲ့ မင်းဘာ
သာ လာရှာတော့ဆိုပြီးတော့ ကွန်ပြုတာရှေ့ကနေ ထပေးလိုက်တယ် သူပြောတဲ့ကားတွေရော မဆိုင်တာတွေရော ရှာလိုက်တာ နာရီဝက်နီးပါလောက် မွှေသွားတယ် သူထသွားတော့မှ စာ ပြန်လုပ်လိုက်ပါအုံးမယ်ဆိုပြီး တတိယ အကြိမ်စာအုပ်လေး ပြန်လှန်လိုက်တယ် အဲဒီအချိန်မှာပဲ ခြေထောက်က အငြိမ်မနေဘူး အောက်က မီးခလုတ်ကို သွားကန်လိုက်တော့ ကွန်ပြူတာ ပိတ်သွား
ရော ကွန်ပြူတာ မဖွင့်ထားရင်စာလုပ်လို့ က အဆင်ပြေဘူးလေ ဘာသာပြန်တာက ကွန်ပြူတာက မသိတဲ့စာလုံးလေးတွေ ရှာပေးတာ ဆိုတော့ ကွန်ပြူတာ ပြန်ဖွင့်လိုက်တယ် သိပ်မစောင့်ရပါဘူး ၁ မိနစ် လောက်ပဲစောင့်ရတာပါ ကွန်ပြူတာ ပြန်ဖွင့်ပြီးတော့ အင်တာနက်ချိတ် ဂျီမေးတွေ ဘာတွေပြန်ဝင်ရတာပေါ့ ပြီးတော့ စာအုပ်လေးဆီမျက်စိလေးရောက်ရုံပဲရှိသေးတယ် “ဟီးဟီး ဟားဟား” နဲ့ ဟိုဘက်စက်က ရီနေတယ် “ဘာတုံးဟ ဟိတ်ကောင်ဘာတွေရီနေတာတုံး” ဆိုမေးတော့ “လာကြည့်လာကြည့်” တဲ့ဆိုလို့ သွားကြည့်လိုက်တယ် အံမယ် ဟုတ်တယ်ဗျ လူဦးနှောက်ထည့်ပေးထားတဲ့ မျောက်ဝံက ဆပ်ကပြနေတာ ကြည့်ကောင်းကောင်းနဲ့ ဆက်ကြည့်နေ
လိုက်တယ် ပြီးတော့ Shakira သီချင်းကို ကလေးလေး တစ်ယောက် မျက်နှာပြောင်ပြီး က တာလဲ ကြည့်ပြီးရီနေလိုက်သေးတယ် စာပွဲပေါ်က စာအုပ်လေးကတော့ မျက်နှာငယ်လေးနဲ့  နေရှာရော့ပေါ့
စာကြည့်စာပွဲကိုပြန်လာပြီးတော့ ဒီတစ်ခါတော့ ဘာဖြစ်ဖြစ် ဘယ်သူဘာပြောပြော စိတ်မ၀င်စားတော့ဘူး စာပဲလုပ်တော့မယ် ဂျီမေးပါ အောက်လိုက်တာကောင်းပါတယ် ဆို အောက်လိုက်တယ် ပြီးတော့ စာအုပ်လေးအာရုံစိုက်လိုက်တဲ့ခဏလေးမှာပဲ ၀ီးရောင် ၀ီးရောင် ဆို ဖုန်းက ထအော်ပါလေတော့တယ် “ဟလို အကိုပြော” ဆက်တဲ့သူက Ph.D တက်နေတဲ့ အကိုကြီးဆိုတော့ “အေးညီလေး ကို ဒီမှာ ဟော့ပေါ့လုပ်ထားတယ် လာခဲ့” ဆိုတော့ အကြီးက တကူးတက ခေါ်တာဆိုတော့ ငြင်းလို့ မကောင်းဘူးလေ “ဟုတ် အကို ကျွန်တော် ရေချိုးပြီးတက်လာခဲ့လိုက်မယ်လေ အေးညီလေး ဒီနေ့ ဦးထွဋ်တိုက်မယ်လို့ ပြောတယ် VAT 69 တိုက်မယ်တဲ့ ဆိုလို့ ဟော့ပေါ့လုပ်လိုက်တာညီလေး မြန်မြန်လာခဲ့ ဟုတ် အကို” ဆိုပြီး လှန်ထားတဲ့စာအုပ်လေး ပိတ်လိုက်ပါတယ် ပြီးတော့ နဂိုကယူခဲ့တဲ့ စာအုပ်စင်လေးပေါ်မှာ စနစ်တကျ ပြန်ထားလိုက်ပါတယ် …..မင်းက ငါနဲ့ မှ မတည့်တာ ………………….